မြန်မာနိုင်ငံသားများ အတင်းအကျပ် နေရပ်ပြန်ပို့ခြင်းတွင် ထိုင်း-မြန်မာစစ်အုပ်စု ပူးပေါင်းဆောင်ရွက်နေ


December 12, 2025

🇹🇭 မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို ထိုင်းအာဏာပိုင်များမှ မြန်မာအာဏာသိမ်းစစ်အုပ်စုထံ အတင်းအကျပ် လွှဲပြောင်းပေးခဲ့ရာ၊ ၎င်းတို့အနက် အများအပြားသည် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ ငွေညှစ်ခံရခြင်းနှင့် ကြီးလေးသော ဘေးအန္တရာယ်တို့ကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး နှင့် မြန်မာစစ်အုပ်စုအရာရှိများ ပူးပေါင်း၍ ပြည်သူအနည်းဆုံး ၃,၅၀၀ ကို ပြန်ပို့ခဲ့သည်ကို Fortify Rights မှ မှတ်တမ်းတင်ထားသည်။ ဤလုပ်ရပ်များသည် ထိုင်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး လူကုန်ကူးမှု မြောက်နိုင်သည်။

သတင်းထုတ်ပြန်ချက် အပြည့်အစုံ – https://bit.ly/PushbackMYA

Stay Updated!


Subscribe to our mailing to receive periodic updates on human rights issues where we work.