မိသားစုတွေဒီမှာရှိတယ်ပြောမှာပဲ ပြောလို့သူတို့သတ်ချင်လို့လည်းကျွန်မတို့ကိုလေယာဉ် (ဗုံးလာကြဲ)ချတာပေါ့။
August 03, 2026
“မိသားစုတွေ ဒီမှာရှိတယ်ပြောမှာပဲ။ ပြောလို့ သူတို့သတ်ချင်လို့လည်း ကျွန်မတို့ကို လေယာဉ် (ဗုံးလာကြဲ)ချတာပေါ့လေ။ ကျွန်မတို့ကို ဘာကြောင့် (ဒီလို)လုပ်ချင်တာလဲ..(ကျွန်မ)နားမလည်ဘူး။” လေကြောင်းတိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးက စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတဲ့အတွေ့အကြုံကို အခုလို ပြောကြားခဲ့ပါသည်။
ဤမှတ်တမ်းရုပ်ရှင်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မြန်မာစစ်အုပ်စုသည် ကရင်နီပြည်နယ် အတွင်း ထိန်းသိမ်းခံထားရသော စစ်အုပ်စုဝင်သုံ့ပန်းများ၏ မိသားစုဝင်များဖြစ်ကြသည့် အမျိုးသမီးနှင့် ကလေးသူငယ်များအား ထိန်းသိမ်းရာ စခန်းတစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်ကို မှတ်တမ်းတင်ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ စစ်သုံ့ပန်းများ အပါအဝင် အကာအကွယ်ပေးထားသော ပုဂ္ဂိုလ်များကို ထိန်းသိမ်းထားသည့် စခန်းများသည် အကာအကွယ် ပေးထားသောနေရာများဖြစ်ပါသည်။
နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုအား တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသင့်ပါ။ ထို့ပြင် ကရင်နီပြည်နယ်ရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဆိုင်ရာ ဦးဆောင်ကြိုးပမ်းမှုများ အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ကူညီထောက်ပံ့ပေးသင့်ပါသည်။