“ကျွန်တော်တို့ ပြန်ပြီး လွတ်လပ်ချင်တယ်၊ အဲဒီအတွက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေတာပဲပေါ့”


July 11, 2026

“ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့် မရဘူး။ လွတ်လွတ်လပ်လပ် နေခွင့်မရတဲ့အတွက် ကျွန်တော်တို့ ပြန်ပြီး လွတ်လပ်ချင်တယ်၊ အဲဒီအတွက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေတာပဲပေါ့”

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်မှစ၍ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့သူ ဒေါက်တာထူးသည် ရှေ့တန်းစစ်မြေပြင်တွင် တော်လှန်ရေးရဲဘော်များ၊ ဒေသခံပြည်သူများနှင့် စစ်သုံ့ပန်းများကိုပါ ခွဲခြားမှုမရှိဘဲ ဆေးကုသပေးရင်း အသက်များကို ကယ်တင်လျက် ရှိသည်။

သူဆေးကုသမှုပေးနေသော ဆေးရုံများသည် အကြိမ်ကြိမ်ဗုံးကြဲခံခဲ့ရသည်။ သူ၏ ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရသော ခရီးစဉ်နှင့် အနာဂတ်မျှော်လင့်ချက်များကို ဤဗီဒီယိုတွင် ပြောကြားထားသည်။

Stay Updated!


Subscribe to our mailing to receive periodic updates on human rights issues where we work.