ICJ ကြားနာမှုအပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားမျှတမှုတောင်းဆို
February 24, 2026
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စနဲ့ ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားနာစစ်ဆေးမှုများအပြီးတွင် ရှင်သန်လွတ်မြောက်လာသူများကတရားမျှတမှုနဲ့ တာဝန်ယူ၊တာဝန်ခံမှုများ ပေါ်ပေါက်လာစေရန် အလေးအနက်တောင်းဆိုထားကြသည်။
Fortify Rightsမှ စုဆောင်းရရှိထားသည့် သက်သေအထောက်အထားများကိုလည်း တရားရုံးတွင် အထင်အရှား ပြသနိုင်ခဲ့သည်။
Fortify Rights အနေဖြင့် ရိုဟင်ဂျာများနှင့်တကွ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ ရှင်သန်လွတ်မြောက်လာသူ အားလုံးနှင့်အတူ တစ်သားတည်းရပ်တည်လျက်ရှိပြီး၊ ကျူးလွန်သူများအား တရားဥပဒေအကြောင်းအရ ထိရောက်စွာအရေးယူ တာဝန်ခံမှုရှိစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။