မြန်မာစစ်အုပ်စုသည် ပါရာမော်တာများနှင့် ဂျိုင်ရိုကော်ပတာများအသုံးပြု၍ တိုက်ခိုက်မှုများ အရှိန်မြင့်လာ
January 26, 2026
🇲🇲 အာဏာသိမ်းစစ်အုပ်စုသည် စီးပွားဖြစ် ထုတ်လုပ်ထားသည့် အပျော်တမ်းစီး ပါရာမော်တာများ (စက်တပ်လေထီး) နှင့် ဂျိုင်ရိုကော်ပတာများ (gyrocopters) အား အသုံးပြုကာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြေပြန့်ဒေသများရှိ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူထုစုဝေးရာနေရာများကို ပစ်မှတ်ထား၍ အရပ်သားများအပေါ် သေစေနိုင်သော တိုက်ခိုက်မှုများပြုလုပ်နေခြင်းအား Fortify Rights မှမှတ်တမ်းတင်ထားပါသည်။ အဆိုပါ တိုက်ခိုက်မှုများသည် စစ်အုပ်စု၏ အတုယောင်ရွေးကောက်ပွဲကာလတွင် ပိုမိုပြင်းထန်လာခဲ့သည်။
နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာစစ်အုပ်စု၏ လေကြောင်းစစ်ဆင်ရေးများကို အထောက်အကူပြုနေသည့် လေယာဉ်ဆီ၊ လေယာဉ်အစိတ်အပိုင်းများနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးနည်းပညာများ (dual-use technologies) အပေါ် ပိတ်ဆို့အရေးယူမှုများအား အထူးဆောင်ရွက်သင့်သည်။
သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ဖတ်ရှုရန် – bit.ly/JuntaParaGyroAttacksMYA