ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ – မြန်မာစစ်ကောင်စီထံသို့ လေယာဥ်ဆီနှင့်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့သင့်
July 15, 2025
ဇွန်လ ၂၇ရက်နေ့၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မြန်မာအာဏာသိမ်းစစ်တပ်မှ ကျူးလွန်နေသော အရပ်သားများသေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို Fortify Rights မှတင်ပြခဲ့ပါသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်များအား အဆုံးသတ်စေဖို့ လေယာဥ်ဆီနှင့် လက်နက်ရောင်းဝယ်မှုတို့အား ပိတ်ဆို့ဒဏ်ခတ်အရေးယူသင့်ပါသည်။