မှောင်မိုက်တဲ့ အကြောက်ညကြီး
August 24, 2021
မြန်မာစစ်တပ်က ဦးဆောင်ကာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်၊ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် ၄ နှစ်ကြာခဲ့ပေမယ့်လဲ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှု မရသေးပါဘူး။
‘မှောင်မိုက်တဲ့ အကြောက်ကြီးည’
မေ့မရဘူး။
မေ့မရဘူး နှစ်ထောင့်ဆယ့်ခွန်
ဆိုင်းလည်းမဆင့် ဗုံလည်းမဆင့်
မီးရှို့လိုက်တာ ရွာတွေအကုန်
သက်ရှိမကျန် သက်မဲ့အကျန်
ပြာဖုန်အောက်ရှိ သွေးနီစီးကြောင်း
သတိရနေ ရိုတွေအကြောင်း
– အာဖ်နာဏ်(ခင်အေးမြင့်)
ငါတို့လဲ ဘာအမှားမှ မလုပ်မိပါဘဲနဲ့
ငါတို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ အားလုံးကို မီးရှို့ခံလိုက်ရတာ
ငါတို့ကို ပစ်သတ်ကြတယ်၊ ငါတို့ကို နှင်ထုတ်ကြတယ်
အခုတော့ ငါတို့ဟာ နိုင်ငံမဲ့ဖြစ်ခဲ့ရပြီ
– အီရှော်ရောတ်ဘီဘီ
သေမင်းစစ်သား ရွာကိုဝိုင်းထား
ငယ်အိုမရွေး ပုဏ္ဏားမကွယ်
မုဒိန်းကျင့်ပြီး အောင်ပွဲခံလို့
ခွေးအူသလို ဟစ်တဲ့စစ်သား
ငါကြောက်လှန့်၍ ဒုန်းပြေးရ။
– အေဂျာစ် ရိုဟုလ်အာမိန်
ဘ၀မြစ်ပြင်ကျယ်ထဲ လက်ပစ်ကူးခဲ့ရာ၀ယ်
ကလေးပေါင်းများစွာ ရေနစ်သေခဲ့ရတယ်
အလောင်းပေါင်းများစွာ ၀မ်းနည်းစွာ တွေ့ခဲ့ရတယ်
သစ်ငုတ်တိုတွေ ရေပေါမျောနေသလိုပါပဲလား
– ရိုယာလ်ဟူဆိန်း
လမ်းခရီးတလျှောက် ရှိုက်သံပေါက်
အိုမင်းဘိုးဘွား တုတ်ထောက်ကူလို့
ဆိုက်ရာနေရာ ကန္တရအလား
ရေပြတ်ဆေးပြတ် အိပ်ရေးပျက်ကာ
သေမင်းတမန် နားချိန်မရ
– ဂျိန်ဝါစ် ဆလိမ်း
ဘယ်မှာလဲ အဲ့ဒီမြို့
တရားမျှတမှု အမြဲ ရှိတဲ့မြို့
နေရာအနှံ့ လိုက်ရှာလို့လဲ မတွေ့ပေါင်
သူ့ရဲ့အရိပ်အယောင်လေးတောင်လေ
– သီတာ ရှာနီယာ